From: myomyo myo <thuyainmyo@gmail.com>
Date: 2009/9/30
Subject: Fwd: ဖိနပ်စာမိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့
To:
To: misu.ms1984@gmail.com, thuyainmyo <thuyainmyo@gmail.com>
From: Zinar.25 Zinar.25 <zinar.25@gmail.com>
Date: 2009/9/30
Subject: Re: ဖိနပ်စာမိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့
To: realmyanmarhiphop@googlegroups.com
Cc: in4burma@googlegroups.com
ဖိနပ်စာမိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်
ဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်းရပ်
ကွက် တွင် သတင်းထွက် ပေါ်နေသည်။ယမန်နေ့ က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဆန့် ကျင်ကန့် ကွက် ခြင်းအပြင် ဖိနပ်ဖြစ်ပစ်ပေါက်၍ ရှုံချခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော် သို့ ပြန်ရောက်ပါ က ရာထူးမှ ဖယ်ရှားပစ် မည် ဟု သတင်းရရှိသည်။
စနေနံ ဖိနပ် ထိခြင်းသည် မြန်မာ မှု ဓလေ့ ထုံးစံအရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်တော် မှ ညွှန်ကြားရေးမှုး တစ်ဦးက Freedom News Group သို့ ပြောသည်။
ယခုကဲ့သို့ အင်္ဂ၀ိဇ္ဇာနည်းအရ နာမ်နှိမ် သွားသည့် သူများကို အစိုးရ အဖွဲ့ အတွင်းထားပါ က အစိုးရအဖွဲ့ အတွင်းအကွဲ အပြဲများဖြစ်ပြီး ပြုတ်ကျနိုင်သည် ဟု အင်္ဂ၀ဇ္ဇာ နှင့် ဗေဒင် တတ်ကြွမ်းသူများ ၏ သုံးသပ် ချက်များ လည်း ယနေ့ နေပြည်တော် တွင် ပေါ်ထွက် နေသည်။
အတည်မပြုနိုင်သေးသည့် စုံစမ်းရရှိသော သတင်းတစ်ရပ် အရ ၀န်ကြီးချုပ် ဦးသိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အား အပြန်တွင် နေပြည်တော် သို့ တိုက်ရိုက်ဝင်ခွင့် မပြုပဲ ရန်ကုန်တွင် တစ်ထောက်နားပြီး ဟူးရာ ဗေဒင် ဆရာများ ဖြင့် ကံပွင့် အောင် စီမံ ဆောင် ရွက်ပြီးမှ နေပြည်တော် သို့ ဝင်ရောက် ခွင့် ပြုမည် ဟု သတင်းရရှိသည်။
ကမ္ဘာ့ သမိုင်းတွင် လည်း ဆူဟာတို ၊ ကျန်ဇီမင်း ၊ပီနိုရှေး စသည့် အာဏာရှင်များမှာ ဖိနပ်ဖြင့် ပစ်ပေါက်ခံရပြီးနောက် အာဏာလက်လွှတ်ခဲ့ရသည်။
အမေရိကန် သမ္မတ ဟောင်း ဂျော့ရှ်ဘုရှ်သည် ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးရန် လပိုင်း အလိုတွင် အီရတ် နိုင်ငံ၌ ဖိနပ် ဖြင့် အပေါက်ခံခဲ့ရသည်။ ၎င်း အားဖိနပ် ထိမှန်ပြီး ရက်ပိုင်း အတွင်းမှာပင်အမေရိကန် စီးပွားရေးပျက်ကပ် စသည်။
--~--~---------~--~----~------------~-------~--~----~
"Real Myanmar Hip Hop" group မှကြိုဆိုပါတယ်ခင်ဗျား။
Post ကိုမေးကနေ တင်ချင်ရင်တော့ realmyanmarhiphop@googlegroups.com ကိုမေးပို့လိုက်ပါ။ Post များကို တစ်နေရာထဲတွင် အကုန်ဖတ်နိုင်ရန်၊ reply လုပ်လျှင် ပိုမိုလွယ်ကူစေရန်၊ member များကို သိရှိနိုင်ရန်၊ သူငယ်ချင်း မိတ်ဆွေများအား အလွယ်တကူ ဖိတ်ကြားနိုင်ရန် http://groups.google.com/group/realmyanmarhiphop?hl=en ကနေ၀င်ပေးကြပါခင်ဗျား။ အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေးရန်။(Reply ပြန်ရန်) တောင်းဆိုပါတယ်ခင်ဗျား.။
-~----------~----~----~----~------~----~------~--~---
No comments:
Post a Comment